unD zdtw>[JuhR'D;w>ol.xD.uhRw>uG>xGJu&XurH;wHm

Karen Return & Reestablishment Committee (KRRC)

ကရင့် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ

မူလစာမျက်နှာ

ကော်မတီ၏စံတန်ဖိုးများ

ကရင့်ပြန်လည်ဝင်ရောက်ရေးနှင့်ပြန်လည်ထူတောင်ရေးကော်မတီ

ခွဲခြားဆက်ဆံခြင်းကင်းမဲ့မှု

လူတိုင်းတွင် တူညီသော အခွင့်အရေးနှင့် ရပိုင်ခွင့်ရှိသည်။ ကျွနု်ပ်တို့အဖွဲ့သည် လူမျိုးရေး အပေါ်တွင် မူတည်၍သော်လည်းကောင်း၊ အသား အရောင် အပေါ်တွင် မူတည်၍သော်လည်းကောင်း၊ တိုင်းရင်းသား အမျိုးအစား အပေါ်တွင် မူတည်၍သော်လည်းကောင်း၊ မျိုးရိုး အပေါ်တွင် မူတည်၍သော်လည်းကောင်း၊ အသက်အရွယ် အပေါ်တွင် မူတည်၍သော်လည်းကောင်း၊ ဘာသာရေး အပေါ်တွင် မူတည်၍သော်လည်းကောင်း၊ မသန်မစွမ်း ဖြစ်မှု အပေါ်တွင် မူတည်၍သော်လည်းကောင်း၊ ကျား/မ ဖြစ်ခြင်းအပေါ်တွင် မူတည်၍ သော်လည်းကောင်း၊ လက်ရှိ စစ်မှုထမ်း (သို့မဟုတ်) စစ်မှုထမ်းဟောင်း ဖြစ်ခြင်းတို့ အပေါ်တွင် မူတည်၍ သော်လည်းကောင်း ခွဲခြား ဆက်ဆံမှု မရှိစေရန် ဒေသခံများနှင့်အတူ ပူးပေါင်း တိုင်ပင် ဆောင်ရွက်သွားမည်။

လေးစားမှု

မယ်ကလခီးဒေသတွင်လက်ရှိနေထိုင်နေသောရပ်ရွာလူထုနှင့်မယ်ကလခီးဒေသသို့ပြောင်းရွှေ့အခြေချမည့်ပြည်သူလူထု၏သဘောထားအယူအဆများကိုလေးစားလိုက်နာသွားမည်။

တည်ငြိမ်မှု

ပြောင်းရွှေ့အခြေချမည့်ပြည်သူလူထုအားသတင်းအချက်အလက်များ၊အရင်းအမြစ်များကူညီရှာဖွေပေခြင်းဖြင့်ယင်ပြည်သူတို့၏အခြေခံလိုအပ်ချက်များကိုအမှီအခိုကင်းမဲ့စွာပြည့်စုံစေရမည်။

ပေါင်းစည်းမှု

ပြောင်းရွှေ့အခြေချမည့်ပြည်သူလူထုသည်လည်းမယ်ကလခီးဒေသခံများနှင့်အတူတူပင်ဖြစ်ပြီးအပြန်အလှန်ထိတွေ့ရိုင်းပင်းကြရမည်ဖြစ်သည်။ကောင်းမွန်ပြည်စုံသောပေါင်းဆည်းမှုသည်လူ့အဖွဲ့အစည်းကျစ်လစ်ခိုင်မာမှုနှုင်အနာဂတ်စီးပွားရေးအခွင့်အလမ်းများအတူအကွရှာဖွေဖန်တီးမှုကိုဖြစ်ပေါ်စေမည်။

ကရင့်ပြန်လည်ဝင်ရောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီအကြောင်း

ကရင့်ပြန်လည်ဝင်ရောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ (KRRC)

ကရင့်ပြန်လည်ဝင်ရောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ (KRRC) သည် စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးနေရသူများပြန်လည်ဝင်ရောက်၊အခြေချနိုင်ရေးအတွက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုရမှတရားဝင်အသိအမှတ်ပြုလုပ်ပိုင်ခွင့်ပေးထားသည့်ပရဟိတအဖွဲ့အစည်းဖြစ်သည်။

ကရင့်ပြန်လည်ဝင်ရောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ (KRRC) အနေဖြင့်စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးနေရသူများလုံခြုံစွာ၊ဂုဏ်သိက္ခာရှိစွာဖြင့်ပြန်လာနိုင်ရေး၊အခြေချနိုင်ရေးနှင့်လက်ခံမည့်ဒေသခံပြည်သူလူထုနှင့်တစ်သားတည်းဖြစ်စေရးအတွက်တက်စွမ်းသမျှလုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ကရင့်ပြန်လည်ဝင်ရောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ (KRRC)သည်မယ်ကလခီးဒေသခံကရင်များမှစုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။သို့ရာတွင်ကရင့်ပြန်လည်ဝင်ရောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ (KRRC)အနေဖြင့်ကရင်လူမျိုးတစ်ခုတည်းအတွက်သာမကမြန်မာနိုင်ငံအရှေ့ပိုင်းဒေသရှိတိုင်းရင်သားအားလုံးအတွက်တက်စွမ်းသမျှလုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မယ်ကလခီးဒေသသည် -

  • မြေမြှုပ်မိုင်းအန္ထရာယ်ကင်းရှင်းသောဒေသဖြစ်သည်။
  • စစ်ပွဲဖြစ်ပွားခြင်း(သို့မဟုတ်)သေနတ်သံကြားရခြင်းမျိုးလည်းမရှိသည့်ဒေသဖြစ်သည်။

ကရင့်ပြန်လည်ဝင်ရောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ (KRRC) သည်ဒေသတွင်းပြန်လည်ဝင်ရောက်အခြေချသူများ၏လုံခြုံစွာ၊ဂုဏ်သိက္ခာရှိစွာနှင့်အမှီအခိုကင်းမဲ့စွာရပ်တည်နေထိုင်နိုင်စေရေးတို့အတွက်ဒေသခံပြည်သူများ၊ဒေသခံအဖွဲ့အစည်းများ၊လံခြုံရေးတပ်ဖွဲ့များနှင့်အတူပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့ဦးတည်ဆောင်ရွက်သောလုပ်ငန်းစဉ်များ

ဒုက္ခသည်စခန်းများတွင်အခြေချနေထိုင်နေသောတိုင်းရင်းသားပြည်သူများနှင့်ပြည်တွင်းတွင်ရွှေပြောင်းနေထိုင်နေရသောမြန်မာပြည်သားများသည်ရင်းနှီးဖော်ရွေပြီးကြိုဆိုမှုအပြည့်ရှိသောလူအဖွဲ့အစည်းများအတွင်း၌အကာအကွယ်ပေးမှု၊အတူတကွပေါင်းစည်းလုပ်ဆောင်မှု၊နွေထွေးစာနာကြိုဆိုမှုတို့နှင့်အတူယင်းပြည်သူတို့၏လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတိုးတက်ကောင်းမွန်လာစေမှုရှိလာစေရမည်။

ကျွန်ုပ်တို့၏ယုံကြည်မျှော်မှန်းချက်

ဒုက္ခသည်စခန်းများနှင့်ပြည်တွင်းတွင်ရွှေ့ပြောင်းနေထိုင်နေရသောမြန်မာပြည်သားတိုင်းရင်းသားပြည်သူများအတွက်မယ်ကလခီးဒေသသည်ဂုဏ်သိက္ခာရှိစွာ၊လေးစားစွာ၊နွေးထွေးပျူငှာစွာ၊တစ်စုတစ်စည်းတည်ဖြင့် ဘဝအခွင့်အလမ်းများဖန်တီးပေးနိုင်သည်ဗဟိုအချက်အချာဒေသဖြစ်လာစေရန်တည်ဆောက်သွားမည်။

“ကရင်ပြည်နယ်ရှိစစ်ဘေးစစ်ဒဏ်ကြောင့်ထွက်ပြေးတိမ်းရှောင်နေရသောပြည်သူ၃၀၀၀၀၀ကျော်ကိုကူညီဆောင်ရွက်ပေးနေပါသည်။”

(Not Available)

Make a Donation Now

Karen Return & Reestablishment Committee (KRRC)




3,000+

Total Donar

1,300+

Loyal Donar

1,000+

World Rating

Latest News

Karen Return & Reestablishment Committee (KRRC)