ကော်မတီဖွဲ့စည်းပုံ

ကရင့် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ ဖွဲ့စည်းပုံ

ကရင့် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (KRRC)

ကရင့် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီသည် ဒုက္ခသည် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တရားဝင်မှတ်ပုံတင်၊ လုပ်ပိုင်ခွင့်ရရှိထားသည့် ပရဟိတ အဖွဲ့ဖြစ်သည်။
ဒုက္ခသည် အိမ်ယာ ဆောက်လုပ်ရေး ကော်မတီကို ၂၀၁၂ ခုနှစ်တွင် မယ်ကလခီး ဒေသ၌ စတင် ဖွဲ့စည်းခဲ့သည်။ ဒေသခံများ အနေဖြင့် ဒုက္ခသည် စခမ်းများနေ ပြည်သူများ မိမိတို့ အရပ်ဒေသသို့ အဆင်ပြေ အောင်မြင်စွာ ပြန်လည် ဝင်ရောက် အခြေချနိုင်ရေးသည် အိမ်ယာ ဆောက်လုပ်ပေးခြင်း တစ်ခုတည်ဖြင့် လုံလောက် ပြည့်စုံမှု မရှိကြောင်း သဘောပေါက် နားလည်ကြသည်။ ယင်ဖြစ်စဉ်တွင် ပြန်လည် ဝင်ရောက်လာသူများအတွက် ထောက်ပံ့ကူညီမှုပေးခြင်း၊ ကျန်းမာရေး/ပညာရေး/လမ်း/တံတား အစရှိသည့် မြို့ပြ အခြေခံ အဆောက်အဦများ တည်ဆောက်ပေးခြင်းနှင့် ရင်းနှီး မြှုပ်နှံသူများ ရှာဖွေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေခြင်း၊ ပြန်လည် ဝင်ရောက်လာသူများကို အလုပ်အကိုင်နှင့် လူထုရေးရာ သင်တန်းများ ပေခြင်းတို့ ပါဝင်ရမည် ဖြစ်သည်။ ထို့ကြောင့် ဒေသခံ ပြည်သူများ၊ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး တိုင်ပင်ကြပြီးနောက် ဒုက္ခသည် အိမ်ယာ ဆောက်လုပ်ရေး ကော်မတီကို ၂၀၁၇ခုနှစ် နှစ်ဆန်းပိုင်းတွင် ကရင့် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ကရင့် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီတွင် နာယက အဖွဲ့ဝင် (၃)ဦး၊ ဂုဏ်ထူးဆောင် နာယက (၄)ဦး၊ ဦးဆောင် ကော်မတီဝင် (၈)ဦးအပြင် (၁)။ ကျန်းမာရေး၊ (၂)။ သက်သာ ချောင်ချိရေးနှင့် ထောက်ပံ့ရေး၊ (၃)။ အလုပ်အကိုင် ရှာဖွေ ဖန်တီးရေး၊ (၄)။ အမျိုးသမီး ရေးရာ စောင့်ရှောက်ရေး၊ (၅)။ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး၊့ (၆)။ ပညာရေး အစရှိသည့် လုပ်ငန်းအကောင်အထည် ဖော်ရေး ကော်မတီ ၆ မျိုးအတွက် ကော်မတီဝင် (၂၄)ဦး၊ စုစုပေါာင်း (၃၉) ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ ကရင့် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီသည် ဒုက္ခသည်စခမ်းနေ ပြည်သူများ၏ ဖိအားများ၊ အဆင်မပြေမှုများကို လစ်လျှုရှု မနေနိုင် တော့ဖြင့် ယင်ပြည်သူများ အဆင်ပြချောမွေ့စွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မဖြစ်မနေ အားသွန်ခွန်စိုက် ဆောင်ရွက်နေခြင်းဖြစ်သည်။ ကော်မတီ၏ ဆောင်ပုဒ်မှာ “ပေါင်းစည်းခြင်းသည် အင်အား” ဟူ၍ဖြစ်သည်။ ဆိုလိုသည်မှာ လက်ရှိ မယ်ကလခီး ဒေသခံ ပြည်သူများနှင့် ဒုက္ခသည်စခမ်းနေ ပြည်သူများ အတူအကွ ပေါင်းစည်းလုပ်ကိုင်ကြပါက မယ်ကလတရော် ဒေသသည် ပိုမို ဖွံ့ဖြိုး တိုးတက်လာရမည်ဖြစ်သည်။

ကရင့် ပြန်လည်ဝင်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီအနေဖြင့် ဒါရိုက်တာ တစ်ဦးနှင့် အတိုင်ပင်ခံများ ကိုလည်း နိုင်ငံတကာ ပညာရှင် ဝန်ထမ်းများ အနေဖြင့် ခန့်အပ် တာဝန်ပေးထားသည်။

ဒါရိုက်တာ အဖွဲ့

စဉ်အမည်ရာထူး
၁။စောမိုရှေးနာယက / အဖွဲ့အစည်း စတင် တည်ထောင်သူ
၂။ဂုဏ်ထူးဆောင် နာယက
၃။ဂုဏ်ထူးဆောင် နာယက
၄။ဂုဏ်ထူးဆောင် နာယက
၅။စောစတီးတွဲဖက် နာယက
၆။မန်းထွန်းမြင့်တွဲဖက် နာယက

ဦးဆောင် ကော်မတီ

စဉ်အမည်ရာထူး
၁။စောဝင်းလှိုင်ဥက္ကဋ္ဌ
၂။စောကြည်ဦးအထွေထွေအတွင်းရေးမှုး
၃။စောကြည်ဝင်းကျန်းမာရေး ကော်မတီ ခေါင်းဆောင်
၄။မန်းအောင်နေလင်းသက်သာ ချောင်ချိရေးနှင့် ထောက်ပံ့ရေး ကော်မတီခေါင်းဆောင်
၅။ဦးအောင်နိုင်အလုပ်အကိုင်ရှာဖွေဖန်တီးရေး ကော်မတီခေါင်းဆောင်
၆။နန်းစန်းမော်အမျိုးသမီးရေးရာ စောင့်ရှောက်ရေး ကော်မတီခေါင်းဆောင်
၇။မန်းဖားခလိလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီခေါင်းဆောင်
၈။ဦးစန်းမင်းဦးပညာရေး ကော်မတီခေါင်းဆောင်
၉။ စောဟဲစေးးအထွေထွေ မန်နေဂျာ